Local News

ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေး နှင့်ဖွဲနု ဈေးများမြင့်တက်၍ ဧည့်မထဆန်(သစ်)နှင့် ဆန်ကွဲဈေးများကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၂.၇.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၂၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၅၀ဝကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၈.၇.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၄၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

          ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၅၀၀ဝကျပ်၊ ဖွဲနုတစ်အိတ် ၉၀ဝကျပ် ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၂၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)  တစ်အိတ် ၁၀၀ဝကျပ် ၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၂၀၀၀ကျပ် ကျဆင်းခဲ့ပါသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်း လာ၍အဝယ်လိုက်လာ ခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနောသုခ) (သစ်)၊ ဆန်ကွဲ B(1,2)  နှင့် ဆန်ကွဲ B (2,3,4) ဈေးများ ကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News